International News

ရုရှားနှင့် ဖိလစ်ပိုင်တို့ လေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေး

Last Updated:

ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် လေကြောင်းလိုင်းများပြန်လည်စတင်ရန် ဆွေးနွေးနေကြောင်း ဖက်ဒရယ်လေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီ (Federal Air Transport Agency - FATA) ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်ကို ရုရှား နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Mr. Igor Bailen နှင့် အေဂျင်စီ၏ လက်ထောက်အကြီးအကဲ Mr. Vladimir Poteshkin တို့တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် ဖိလစ်ပိုင်တို့အကြား လေကြောင်းခရီးစဉ်ပြန်လည်စတင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုကို ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် ရုရှားအရှေ့ဖျားရှိ Primorye ဒေသ၊ Vladivostok နှင့် Khabarovsk မြို့များမှ ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့သို့ လေကြောင်းခရီးစဉ်များစတင်ရန် စိတ်ဝင်စားကြောင်း ဖက်ဒရယ်လေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီက မှတ်ချက်ပြုခဲ့သည်။

ရုရှားလေကြောင်းလိုင်းများသည် ဖိလစ်ပိုင်နိုင်ငံသို့ ပျံသန်းရာမှာ အပြုသဘောဆောင်သည့် အတွေ့အကြုံကောင်းများရှိကြောင်း အေဂျင်စီ၏လက်ထောက်အကြီးအကဲက ပြောသည်။ ရုရှားခရီးသွားများအတွက် ထပ်လောင်းအခွင့်အလမ်းများဖန်တီးရန် ရုရှားလေကြောင်းအာဏာပိုင်များသည် ဖိလစ်ပိုင် လေကြောင်းအာဏာပိုင်များနှင့်အတူ မော်စကို၊ Vladivostokနှင့် Khabarovsk တို့မှ Manila နှင့် Cebu သို့ လေကြောင်းခရီးစဉ်များပြန်လည်စတင်ရန်အတွက် လိုအပ်သည့်အစီအမံများကို လုပ်ဆောင်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နိုင်ငံများအကြား လေယာဉ်ပျံသန်းနိုင်မှုဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ရန်လည်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါစာရွက်စာတမ်းများ သည် ဖိလစ်ပိုင်နိုင်ငံသို့ ရုရှားလေယာဉ်များ ထောက်ပံ့ပေးနိုင်စေမည်ဖြစ်ပါသည်။

Source :  https://tass.com/economy/1631189

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News